ဆံပင်များ အိုမင်းလာခြင်း
01-Mar-2017
ဆံပင်များ၏ အိုမင်းရင့်ရော်ခြင်း ဖြစ်စဉ်တွင် ဆံပင်များ သဘာဝဒဏ်ခံရမှု၊ ဆံပင်များအတွင်းရှိ မယ်လာနိုဆိုက် (melanocyte) များ၏ စွမ်းဆောင်ရည် ကျဆင်းလာမှုနှင့် ခန္ဓာကိုယ်မှ ဆံပင်ထုတ်လုပ်ခြင်း ကျဆင်းလာမှု စသည်တို့ ပါဝင်ပါသည်။ အသက်အရွယ်ရလာသောအခါ သဘာဝဒဏ်ခံရမှုများကြောင့် ဆံပင်များအတွင်းရှိ ဆံမျှင်များ (hair fibre) လည်း ယိုယွင်းလာပါသည်။ မယ်လာနိုဆိုက်များ၏ စွမ်းဆောင်ရည်ကျဆင်းလာသောအခါ ဆံပင်များ ဖြူလာပါသည်။ ခန္ဓာကိုယ်မှ ဆံပင်ထုတ်လုပ်မှု ကျဆင်းလာသောအခါ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်းများ ဖြစ်လာပါသည်။ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကဲ့သို့ပင် ဦးရေပြားသည်လည်း အသက်အရွယ်အရ အိုမင်းလာပါသည်။ ဦးရေပြားအိုမင်းလာမှုတွင် အသက်အရွယ်အရ ကိုယ်တွင်းမှဖြစ်သော အိုမင်းလာမှုနှင့် ပြင်ပအကြောင်းပြချက်များကြောင့် အိုမင်းလာမှုဟူ၍ နှစ်ပိုင်းခွဲခြားကြည့်နိုင်ပါသည်။
ကိုယ်တွင်းမှဖြစ်သော အိုမင်းလာမှုသည် တစ်ဦးချင်းစီ၏ မျိုးရိုးဗီဇနှင့် သက်ဆိုင်ပြီးလူတစ်ဦးချင်းအလိုက် အနည်းငယ်စီ ပြောင်းလဲဖြစ်ပွားသော အိုမင်းလာမှုဖြစ်ပါသည်။ ဥပမာဆိုရလျှင် မျိုးရိုးလိုက်တတ်သော အရွယ်မတိုင်မီ ဆံပင်ဖြူခြင်း၊ ထိပ်ပြောင်ခြင်း စသည်တို့ ဖြစ်ပါသည်။ ပြင်ပအကြောင်းအချက်များကြောင့် အိုမင်းလာမှုကို ဖြစ်စေသော အကြောင်းအချက်များတွင် ခရမ်းလွန်ရောင်ခြည်ထိတွေ့မှု၊ ဆေးလိပ်သောက်
ခြင်း၊ အာဟာရပြည့်ဝမှု၊ လူနေမှုပုံစံနှင့် လေထုညစ်ညမ်းမှု စသောအချက်များ ပါဝင်ပါသည်။ သုတေသနပြုလေ့လာချက်များအရ oxidative stress သည်လည်း ဆံပင်များ အိုမင်းရင့်ရော်လာမှုတွင် ပါဝင်ပတ်သက်မှုရှိပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာခိုင်ခိုင်မော်
အရေပြားရောဂါများအကြောင်း တစေ့တစောင်း စာအုပ်မှ ကောက်နုတ်ထားပါသည်။
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

